.
မူဆယ်မြို့ရှိ တရုတ်ကျောင်းတစ်ခုတွင်
ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ကလေးငယ်တစ်ဦး အကင်စား၍ ဆော့ကစားနေစဉ် ချော်လဲပြီး
မျက်လုံးအတွင်းသို့ အကင်တုတ်ချောင်း စိုက်ဝင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ထိခိုက်မိသူမှာ တရုတ်ကျောင်းတွင်
စာသင်ကြားနေသည့် အသက် ၈ နှစ်၊ ၉ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်းဘာသာ အကင်စားနေစဉ်
ချော်လဲရာမှ မျက်လုံးအတွင်းသို့ အကင်တုတ် စိုက်ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း ကူညီ ဆောင်ရွက်ပေးခဲ့သည့်
နှလုံးလှပရဟိတ လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသတင်းသို့ ပြောဆိုထား သည်။
.
အဆိုပါ ကလေးငယ်ကို
လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်
ကုသပေးလျက်ရှိကြောင်းနှင့် လက်ရှိတွင် ကလေး၏ မျက်စေ့အခြေအနေကို မသိရှိသေးကြောင်း သိရသည်။
.
[ Source – Shwe Phee Myay
News Agency ]
.