စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် တောင်ကြီးသို့ လာရောက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် တောင်ကြီးသို့ လာရောက်မည်

.

စစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဆိုသူ ဒေါ်သက်သက်ခိုင်သည် လာမည့် ရက်ပိုင်းအတွင်း တောင်ကြီးမြို့သို့ လာရောက်ရန် ရှိနေကြောင်း သိရသည်။

.

.

ဒေါ်သက်သက်ခိုင်သည် နိုဝင်ဘာလ ၂၆ ရက်တွင် စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရနှင့် တွေ့ဆုံသွားရန် ရှိနေပြီး ယင်းနောက် နိုဝင်ဘာလ ၂၇ ရက်တွင် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပြုလုပ်မည့် လင်ချန်း-မဲခေါင် ဖွင့်ပွဲသို့ တက်ရောက်ရန် ရှိနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

.

“သူ (ဒေါ်သက်သက်ခိုင်) က ပြောပါတယ်။ လွတ်လွတ်လပ်လပ်နေပြီး သွားလာရဲတာ တောင်ကြီးမြို့ပဲ ရှိတယ်ပေါ့။ လုံခြုံရေးတော့ သီးသန့်ကြီးတိုးထားတာ မကြားမိပါဘူး။ သူ့လုံခြုံရေးနဲ့ ရှမ်းအစိုးရ လုံခြုံရေးလောက်ပါပဲ” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

.

ယနေ့ နိုဝင်ဘာလ ၂၅ ရက် ကလည်း စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ပါဝင် မိန့်ခွန်းပြောဆိုသည့် အခမ်းအနား တွင် အွန်လိုင်းမှ ဝင်ရောက်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကြုံခဲ့ရကြောင်း သိရသည်။

.

Journal Download

Photo of three cats