.
စစ်ကိုင်းတိုင်း၊
ကနီမြို့နယ်တွင် နွေဦး တော်လှန်ရေး သပိတ်အင်အားစု (ကနီမြို့နယ်)မှ ဦးဆောင်ကာ
ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း
သိရသည်။
.
.
ထိုသို့ ချီတက်ဆန္ဒပြရာတွင်
“အမှန်တကယ်ပြောင်းလဲဖို့ ဒေသန္တရစနစ်များချိန်းစို့” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်
ဖြုတ်ချရေး ကြွေးကြော်ချီတက်ခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် သပိတ်ဦးဆောင်သူများက စစ်အာဏာရှင်ဆန်ကျင်ရေး
တရားများ ဟောပြောခဲ့ကြပြီး ခေတ်အဆက်ဆက် နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင်
ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊
သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခြင်း ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.