မြန်မာနိုင်ငံအနာဂတ်အတွက် လေးနက်သည့် လမ်းပြမြေပုံကို ပြင်ဆင်ထားကြောင်း ယာယီသမ္မတ အာဆီယံထိပ်သီး အစည်းအဝေးများသို့ သဝဏ်လွှာပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံအနာဂတ်အတွက် လေးနက်သည့် လမ်းပြမြေပုံကို ပြင်ဆင်ထားကြောင်း ယာယီသမ္မတ အာဆီယံထိပ်သီး အစည်းအဝေးများသို့ သဝဏ်လွှာပေးပို့

.

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံအနာဂတ်အတွက် လေးနက်သည့် လမ်းပြမြေပုံကို ပြင်ဆင်ထား ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပနေသည့် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။

.

.

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အခြားသော သက်ဆိုင်သူများက ဥပဒေ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင် နိုင်သည့် ကတိကဝတ်များ အပေါ် အခြေခံပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လမ်းပြမြေပုံကို ပြင်ဆင်ထားကြောင်း၊ ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူအားလုံးကို ပံ့ပိုးမှုနှင့် အကာအကွယ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသတစ်ခုလုံး၏ အကျိုးစီးပွားအတွက် အဆိုပါ လမ်းပြမြေပုံကို ပံ့ပိုးပေးရန် အာဆီယံကို တောင်းဆိုကြောင်း သဝဏ် လွှာတွင် ဖော်ပြထားသည်။

.

ထို့အပြင် စစ်အာဏာရှင်များ ပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ပြီး တရားဝင်မဟုတ်သည့်အတွက် မြန်မာနှင့် ဒေသတွင်း၌ မတည်ငြိမ်မှုများ ပိုမိုကြီးမားလာမေည်ဖြစ်ကြောင်း၊ ယင်းအတုအယောင် ရွေးကောက်ပွဲကို အာဆီယံက ပယ်ချပေးရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

.

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အခြား သက်ဆိုင်သူ များကို ထိတွေ့ဆက်ဆံရန်အကြံပြုပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဖိုရမ်ကို ခေါ်ယူပေးရန် ယာယီသမ္မတက တောင်းဆိုထားသည်။

.

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အထူးထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များနှင့် စစ်အာဏာရှင်များအကြား အချက် ၅ ချက်ပါ သဘောတူညီမှုကို ရယူခဲ့ပြီး ယင်းအချက် ၅ ချက် ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုထောက်ခံပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုအတွက် ကမ်းလှမ်းခဲ့ ကြောင်း၊ ဆန့်ကျင်ဘက် အနေဖြင့် စစ်ကောင်စီက သဘောတူညီချက် ၅ ချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း သဝဏ်လွှာတွင် ထောက်ပြထားသည်။

.

စစ်ကောင်စီသည် ပြည်သူများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် အာဆီယံနှင့် သဘောတူညီချက်ကို လေးစားလိုက်နာခဲ့ခြင်းမရှိသလို မြန်မာပြည်သူများ၏ ဆန္ဒကိုလည်း လေးစားမှုမရှိခဲ့ကြောင်း၊ ယခုထိပ်သီးအစည်း အဝေးတွင် အကြံပြုချက်များ ထည့်သွင်းစဉ်းစားခြင်း၊ လက်တွေ့ကျသည့် ဆောင်ရွက်မှုများဖြင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို ချုပ်ငြိမ်းအောင် ကူညီဆောင်ရွက်ပေးမည်ဆိုပါက အထူးပင် ကျေးဇူးတင်ရှိမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

.

အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများကို ကမ္ဘောဒီယားနိုင်ငံတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

.

Journal Download

Photo of three cats