လိန်းလီ ကြိုးတံတားအနီးတွင် ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လိန်းလီ ကြိုးတံတားအနီးတွင် ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ


ပင်လောင်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်းသွားကားလမ်း၊ လိန်းလီ ကြိုးတံတားအနီး၌ ငွေကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ဖမ်းမိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီ၏ မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၈ ရက်၊ ညနေပိုင်းတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ ဇော်မင်း မောင်းနှင်လာသည့် HINO ၁၂ ဘီးယာဉ်ကို လိန်းလီ ကြိုးတံတားအနီး၌ ရှာဖွေစဉ် ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၄၃၈ သန်း ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် သယ်ဆောင်သူကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats