.
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊
ကန်ပေါက်ကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်၊ ညနေပိုင်းက
ကျောက်တူးရာမှ အမျိုးသားတစ်ဦး ကျောက်တုံးပိ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကန်ပေါက်ကျေးရွာအုပ်စု၊
တောင်နောက်ကျေးရွာရှိ ကျောက်တွင်းအတွင်း ယမန်နေ့ နိုဝင်ဘာ ၉ ရက်၊ ညနေ ၆ နာရီခန့်က ကျောက်တူးနေစဉ်
အမျိုးသားတစ်ဦး ကျောက်တုံးပိမိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျောက်တုံးပိမိမှု
ဖြစ်ပွားရာနေရာသို့ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ
ည ၇ နာရီခွဲခန့်တွင် ကျောက်တုံးပိနေသူ အမျိုးသားအား သေဆုံးလျက် သယ်ထုတ်နိုင် ခဲ့ပြီး
သုကတိရှင် နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောက်ပန်းတောင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.