မန္တလေးတွင် စစ်ယာဉ်တန်း ဖောက်ခွဲတိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန္တလေးတွင် စစ်ယာဉ်တန်း ဖောက်ခွဲတိုက်ခိုက်ခံရ

.

မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာလ ၁ ရက်၊ နံနက်ပိုင်းက စစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း GZP (Mandalay) အဖွဲ့က ထုတ်ပြန်ထားသည်။

.

.

အောင်မြေသာစံမြို့နယ်၊ (၁၂) လမ်းနှင့် (၈၈) လမ်းထောင့်တွင် ယနေ့ နိုဝင်ဘာလ ၁ ရက်၊ နံနက် ၆ နာရီခွဲခန့်က စစ်ကောင်စီတပ်အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Double Cap ကားတစ်စီး၊ Faw ကားတစ်စီးနှင့် ရဲကားတစ်စီး ပျက်စီးသွားပြီး အများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ခိုက်မှုကို GZP(Mandalay)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် မန္တလေးမြို့၊ (၇၈) လမ်းနှင့် (၄၂) လမ်း ခုံးကျော်တံတားအနီးရှိ အမှတ် (၁၁) ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats