ရှမ်းတောင် တပ်ရင်း (၁၀၀၉) အတွက် လိုအပ်သည့် ကျည်များ ဝယ်ယူနိုင်ရန် “သွေးသစ္စာရေးဖို့ ကျည်တွေစုစို့” ကမ်းပိန်း ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် တပ်ရင်း (၁၀၀၉) အတွက် လိုအပ်သည့် ကျည်များ ဝယ်ယူနိုင်ရန် “သွေးသစ္စာရေးဖို့ ကျည်တွေစုစို့” ကမ်းပိန်း ပြုလုပ်

.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် (၁၀၀၉) တပ်ရင်း ရှမ်းတောင် အတွက် လိုအပ်သည့် ကျည်များ ဝယ်ယူနိုင်ရန် “သွေးသစ္စာရေးဖို့ ကျည်တွေစုစို့” ကမ်းပိန်းကို နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်တာ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

.

.

အဆိုပါ ကမ်းပိန်းတွင် မဲတစ်စောင်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ကံစမ်းမဲလက်မှတ် အစောင်ရေ ၁၅၀၀ ရောင်းချပေး သွားမည်ဖြစ်ပြီး မဲအဖြစ် ပထမဆုကို Redmi Note 11 Pro 5G ဖုန်းတစ်လုံးနှင့် ဒုတိယဆုအဖြစ် Xiaomi Watch Lite တို့ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကာ လက်မှတ်များကို KBZ PayWave PayNUG Pay နှင့် PayPal တို့မှ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

.

“ကျွန်မတို့ရဲ့ တော်လှန်ရေးအရှိန် မြှင့်ရတော့မယ့် အရေးကြီးတဲ့အချိန်လေးကို ရောက်နေပါပြီ။ ကျည်လေးတွေ အရေးပေါ် လိုအပ်နေလို့ ကမ်းပိန်းပြုလုပ်နေပါတယ်။ ကျွန်မတို့ ၁၀၀၉ တပ်ရင်းအတွက် လိုအပ်နေတဲ့ ကျည်တွေ အားဖြည့်ဖို့ သွေးသစ္စာရေးဖို့ ကျည်တွေစုစို့ ကမ်းပိန်းမှာ ပါဝင်ပေးကြပါဦး” ဟု ၁၀၀၉ တပ်ရင်း၊ ရှမ်းတောင်မှ တာဝန်ရှိသူက ပြောဆိုထားသည်။

.

NUG လက်အောက်ခံ အမှတ် (၁၀၀၉) တပ်ရင်း ရှမ်းတောင်ကို ယခုနှစ်၊ ဇန်နဝါရီလ ၉ ရက်က အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံအဖြစ် ဝင်ရောက်ပူးပေါင်းခဲ့ကာ ရှမ်းကယားနယ်စပ်တွင် အခြားသော တော်လှန်ရေး အဖွဲ့များနှင့်အတူ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

.

Journal Download

Photo of three cats