.
Asia Defence Force (ADF တပ်ဖွဲ့နှင့် ယောတော်လှန်ရေးတပ် (YRA) တို့ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း
ယော တော်လှန်ရေးတပ်-YRA (ထီးလင်း) က ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင်
သတင်းထုတ်ပြန်ထားသည်။
.
.
ထီးလင်းမြို့နယ် အခြေစိုက်
ADF တပ်ဖွဲ့ကို ယခုနှစ် ဖေဖော်ဝါရီလ
၁၄ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထီးလင်းမြို့နယ်ညီညွတ်ရေးနှင့် စစ်ကောင်စီတပ်အား ပိုမိုထိရောက်စွာ
တော်လှန်နိုင်ရေးအတွက် အဖွဲ့ကို ဖျက်သိမ်း ကာ YRA (ထီးလင်း) နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယောတော်လှန်ရေးတပ်-YRA(ထီးလင်း) အနေဖြင့် ပူးပေါင်းမှုအား ဂုဏ်ယူဝမ်းမြောက်စွာ
ကြိုဆိုပါကြောင်းနှင့် စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ရန်
ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
.