AA နှင့် စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း‌ နေရာ ၅ ခု၌ တိုက်ပွဲများဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

AA နှင့် စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း‌ နေရာ ၅ ခု၌ တိုက်ပွဲများဖြစ်ပွား

ရက္ခိုင့်တပ်တော်(AA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၈ ရက် တစ်ရက်အတွင်း နေရာ ၅ ခု၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာဝန်းကျင်၌ စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ လက်နက်/ခဲယမ်း သယ်လာသည့် စစ်သုံးဇက်သင်္ဘော ၁ စီးနှင့် လုံခြုံရေးပေးနေသည့် ရဟတ်ယာဉ် ၁ စီးအား နိုဝင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီခန့်တွင် နေရာ ၂ ခုမှ ဖြတ်၍ AA က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းရွာအနီးသို့ ဝင်ရောင်လာသည့် စစ်ကောင်စီတပ်နှင့် ၄၅ မိနစ်ကြာ လည်းကောင်း၊ နေ့လယ် ၂ နာရီကျော်ခန့်တွင် မောင်တောမြို့နယ်၊ ဝက်ကျိန်း (မြို)ရွာ အနီးသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသည့် စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နခခ (၇) တို့ ပူးပေါင်းစစ်ကြောင်းနှင့် ပလက်ဝမြို့နယ် ပကာဝရွာအနီး၌ နာရီဝက်ခန့်ကြာ လည်းကောင်း၊ ပလက်ဝမြို့နယ် ပကာဝရွာ အနီး၌ နာရီဝက်ခန့်ကြာ လည်းကောင်း စသည်ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု AA က ဆိုသည်။

.

ထို့အတူ ညနေ ၄ နာရီခွဲခန့်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာအနီး၌ စစ်ကောင်စီ၏ ခမရ (၃၀၈)၊ (၃၅၄) ပူးပေါင်းစစ်ကြောင်းတိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

.

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက် မနည်း သေဆုံးပြီး လက်နက်/ခဲယမ်းအချို့ကို သိမ်းဆည်းရမိသည်ဟု ရက္ခိုင့်တပ်တော် (AA)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats