.
ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာ မြောက်ဘက်၌ အောက်တိုဘာလ ၂၆ ရက်တွင် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူစလင်ရွာ)၏ မြောက်ဘက်၌ အောက်တိုဘာလ ၂၇ ရက်တွင် လည်းကောင်း၊ အောက်တိုဘာလ ၂၉ ရက်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာ အနီးတွင်လည်းကောင်း၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာ အနီး၌ လည်းကောင်း၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ အနောက်ဘက်တွင် လည်းကောင်း၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်း(ရခိုင်ရွာ)၏ မြောက်ဘက်၌ အောက်တိုဘာလ ၃၁ ရက်တွင် လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်နက်/ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အပြင် စစ်ကောင်စီတပ်များသည် တိုက်ပွဲ မရှိသည့် ရက်များတွင်လည်း လက်နက်ကြီး/လက်နက်ငယ်တွေများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု AA က ဆိုသည်။
.
ဒေသတွင်း၌ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားကာ စစ်ကောင်စီဘက်က လက်နက်ကြီးမျဖြင့် ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်နေရ။ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။