ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု (USSFU)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၂)၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)တို့ ပူးပေါင်း၍ လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီ၏ ဂိတ်ကင်းစခန်းအား လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်၊ ညပိုင်းက ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လက်နက်ကြီးဖြင့် စုစုပေါင်း ၆ လုံး ပစ်ခတ်ခဲ့သည်ဟု USSFU က ယနေ့တွင် ထုတ်ပြန်သည်။
.
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညလုံးပေါက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။