.
ရွေးကောက်ပွဲ မဲမသမာမှုလုပ်သည်ဟု
စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ကို ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်တွင် စစ်ကောင်စီက
ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
.
.UEC ဥက္ကဋ္ဌ
ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ဖြင့် ပြီးခဲ့သည့်
ဇူလိုင်လဆန်းပိုင်းက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၃ လကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ
အာဆီယံ၏ မြန်မာ့အရေး အရေးပေါ်အစည်းအဝေး မကျင်းပမီ တစ်ရက်အလိုတွင် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ရွေးကောက်ပွဲ မဲမသမာမှု
ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီက အာဏာသိမ်းသည့်နေ့တွင်ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်အချို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
.
ဦးလှသိန်းနှင့် ဦးမြင့်နိုင်တို့ကို
စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း UEC
အဖွဲ့ဝင် ဦးသန်းဌေးကိုမူ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
.