ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖျက်သိမ်းခြင်းကို အတည်ပြု ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု ပါတီဥက္ကဌ သူရဦးရွှေမန်း က ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ခဲ့သည်။
.
ပါတီ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များသည် ပသက်အရွယ် ကြီးရင့်လာကြပြီး ကျန်းမာရေး/ချို့တဲ့သူများ ရှိသလို လူမှုရေးနှင့် အခြား အခက်အခဲများ ရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိတော့ခြင်းကြောင့် ပါတီ မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
.
သူရဦးရွှေမန်းသည် ယခင်က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီတွင်း သန်းခေါင်ယံ အာဏာသိမ်းပွဲ အလွန်တွင် ယင်းပါတီမှ ဖယ်ရှားခံရပြီးနောက် ၂၀၁၉ ခုနှစ်တွင် UBP ပါတီကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
.
UBP အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပါင်း ၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သော်လည်း အနိုင်မရခဲ့ပေ။