UBP ပါတီကို ဖျက်သိမ်းခွင့် ပြုကြောင်း စစ်‌ကောင်စီ၏ UEC ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

UBP ပါတီကို ဖျက်သိမ်းခွင့် ပြုကြောင်း စစ်‌ကောင်စီ၏ UEC ထုတ်ပြန်



သူရ ဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ အောက်တိုဘာလ ၂၇ ရက်က စ၍ ပယ်ဖျက်ခွင့်ပြုလိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ခဲ့သည်။

.

ပါတီကို ဦးဆောင် ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များမှာ အသက်အရွယ် ကြီးရင့်လာပြီး ကျန်းမာရေးချို့တဲ့သည့်အပြင် လူမှုရေး နှင့် အခြား အခက်အခဲများရှိလာခြင်းကြောင့် ပါတီနိုင်ငံရေး ဆက်လက် လုပ်ကိုင်ရန် ဆန္ဒမရှိကြတော့သည့်အတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များ၏ သဘောတူညီချက်ဖြင့် ဖျက်သိမ်းရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက အောက်တိုဘာလ ၁၂ ရက်တွင် ပြောဆိုထားသည်။

.

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကို ၂၀၁၉ ခုနှစ်၊ ဧပြီလက စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ လွှတ်‌တော်ကိုယ်စားလှယ်လောင်း ၉၂၇ ဦးဖြင့် မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိသည့် ပါတီလည်း ဖြစ်သည်။

Journal Download

Photo of three cats