စစ်ကောင်စီလက်အောက်ခံ မိုင်းခွန်ပြည်သူ့စစ်ထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များကို RCSS ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီလက်အောက်ခံ မိုင်းခွန်ပြည်သူ့စစ်ထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များကို RCSS ဖမ်းမိ

.

ကျိုင်းတုံမြို့နယ်တွင် အောက်တိုဘာလ ၁၇ ရက်က စစ်ကောင်စီလက်အောက်ခံ မိုင်းခွန်ပြည်သူ့စစ် ဒုခေါင်းဆောင် အပါအဝင် အမျိုးသား ၄ ဦးထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က သတင်းထုတ်ပြန်ထားသည်။

.

.

RCSS တပ်ဖွဲ့ဝင်များသည် ပုံမှန် ကင်းလှည့်မှုများ ဆောင်ရွက်နေစ် အောက်တိုဘာလ ၁၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က မိုင်းခွန်-မိုင်းပတ်-နမ့်လင်းတောင်း လမ်းပေါ်တွင် Toyota founter ကားနှင့် ဆိုင်ကယ် ၂ စီးဖြင့် သယ်ဆောင်လာသော အိုက်စ် မက်တာဖက်တမင်း 450 ကီလိုဂရမ်၊ ပစ္စတိုသေနတ် ၂ လက်၊ကျည်ဆံများနှင့်အတူ အမျိုးသား ၄ ဦး တို့ကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိသည့် အမျိုးသား ၄ ဦးတွင် လူးတာဆိုသူမှာ ကျိုင်းတုံမြို့နယ် မိုင်းခွန်ပြည်သူ့စစ်အဖွဲ့မှ ဒုခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြည်သူ့စစ်ကဒ်ပြားကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

.

Journal Download

Photo of three cats