တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို RCSS ကမ်းလှမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို RCSS ကမ်းလှမ်း

ရှမ်းပြည်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ယနေ့ အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်သည်။
.
တွေ့ဆုံ ဆွေးနွေးမည့် ကာလကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်ထိ သတ်မှတ်ထားသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။
.
RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းဖြင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေးပြဿနာများ ဖြေရှင်းရန် ပေါ်လစီ ချမှတ်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းမှ တဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံ‌နိုင်ရေး၊ အထင်မှားမှုအား လျှော့ချနိုင်ရေး၊ နားလည်မှု ရှိရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် လူထု၊ တိုင်းပြည်အကျိုးအတွက် ရည်ရွယ်သည်ဟု ဆိုသည်။
.
ထို့အတူ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးခြင်းမှသည် မဟာမိတ် ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်၍ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြောင်းကိုလည်း ရှင်းပြထားသည်။
.
" စစ်တပ်နဲ့ တိုက်ပွဲ မရှိတဲ့အပြင် ခဏခဏ တွေ့နေတဲ့ အဖွဲ့က တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတာက ထူးတယ်ပေါ့။ ပြီးတော့ PDF တွေကို ကမ်းလှမ်းတာလည်း မပါနေဘူး၊ စဉ်းစားစရာပဲ။" ဟု တိုင်းရင်းသား လက်နက်ကိုင်များအကြောင်း လေ့လာသူ တစ်ဦးက ပြောသည်။
.
RCSS သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ကာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေလျက် ရှိသော အဖွဲ့ ဖြစ်သည်။

Journal Download

Photo of three cats