.
မူဆယ်မြို့တွင် ခမရ
(၄၂၁) ဖယ်ခုံမှ ပြောင်းရွှေ့လာသည့် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းမှူးနှင့် PSO တို့ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်၊
နေ့လယ်ပိုင်းက ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
သတင်းအရ ယမန်နေ့ အောက်တိုဘာလ
၁၈ ရက်တွင် တပ်ရင်းမှူးနှင့် PSO တို့ကို ကြိုတင်စောင့်ဆိုင်းပြီး သေနတ်ဖြင့် ၁၄ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပစ်ခတ်မှုကြောင့်
ခမရ (၄၂၁) မှ တပ်ရင်းမှူး ပြည့်ဖြိုးအောင် နှင့် တပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်
မူဆယ်မြို့ ဗျူဟာကုန်းပေါ်မှ သံချပ်ကာကားများ အသင့်စောင့်ဆိုင်းပြီး အခင်းဖြစ်ပွားသည့်
အနီးတဝိုက်အား လုံခြုံရေးအပြည့်ချထားကာ အနီးနားရှိ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း
သိရသည်။
.