သထုံမြို့ရှိ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ မိဘပိုင်နေအိမ် ချိတ်ပိတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သထုံမြို့ရှိ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ မိဘပိုင်နေအိမ် ချိတ်ပိတ်ခံရ

.

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ မိဘပိုင်နေအိမ်ကို အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း သိရသည်။

.

.

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ အဆိုပါ ခွန်မြင့်ထွန်း၏ မိဘပိုင်နေအိမ်သည် NLD ပါတီ စတင် တည်ထောင်စဉ်ကတည်းက ၎င်း၏ ဖခင်ဖြစ်သူ ကိုယ်တိုင် ရုံစိုက်ဖွင့်လှစ်ခွင့်ပေးခဲ့သည့် နေအိမ်ဖြစ်ပြီး လက်ရှိအချိန်ထိ ပါတီရုံးစိုက်ထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

.

ယင်းကဲ့သို့ နေအိမ်ချိတ်ပိတ်မှုသည် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် NLD ပါတီရုံးများကို ကြိုတင် ရှင်းလင်းခြင်း သို့မဟုတ် ၎င်းကိုယ်တိုင် PNFC တွင် ပါဝင်ပြီး စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်နေသည့် အတွက် ချိတ်ပိတ်ခြင်း ဖြစ်နိုင်ကြောင်း ခွန်မြင့်ထွန်းက ပြောဆိုထားသည်။

.

စစ်ကောင်စီကမူ ယင်းနေအိမ်သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့်အတွက် ချိတ်ပိတ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားပြီး စစ်ကောင်စီ အာဏာသိမ်းပြီးစ ကာလများကလည်း အဆိုပါ နေအိမ်အတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနှောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

.

ခွန်မြင့်ထွန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး ပအိုဝ်းအမျိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တွင် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် နေသူလည်း ဖြစ်သည်။

.

Journal Download

Photo of three cats