ပျက်စီး လက်နက်ကြီး/ငယ်များကို ပြုပြင်၍ ကာကွယ်ရေးတပ်ဖွဲ့ အချို့အား ထောက်ပံ့မည်ဟု People Soldiers' Team ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပျက်စီး လက်နက်ကြီး/ငယ်များကို ပြုပြင်၍ ကာကွယ်ရေးတပ်ဖွဲ့ အချို့အား ထောက်ပံ့မည်ဟု People Soldiers' Team ထုတ်ပြန်



ERO အဖွဲ့ထံမှ အစိတ်အပိုင်းအချို့ ပျက်စီးယိုယွင်းနေသည့် Assault rifles နှင့် လက်နက်ကြီးအချို့ကို ပြုပြင် ပြင်ဆင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ အချို့ထံ ကူညီ‌ ထောက်ပံ့ပေးသွားမည်ဟု People Soldiers' Team က ယနေ့ အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

.

" ကျွန်တော်တို့ အဖွဲ့သားများအနေနဲ့ မူလထုတ်လုပ်လျက်ရှိသော project များကို ကြိုးစား လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပြီး PDF ၊ LPDF ၊ ပကဖ နှင့် UG အဖွဲ့များအား မိမိတို့ တတ်မြောက်ထားသော ပ ညာနှင့် တတ်နိုင်သည့် နည်းလမ်းများဖြင့် တော်လှန် ရေးတွင် တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့် နိုင်ရန် အမြဲ ကြိုးစားလျက်ရှိပါတယ်" ဟု People Soldiers' Team က ဆိုသည်။

.

ပြင်ဆင်ပြီး လက်နက်များကို နီးစပ်ရာ လိုအပ်နေသည့် အဖွဲ့များထံ ဦးစားပေး ပေးအပ်သွားမည် ဖြစ်ပြီး အဖွဲ့ အများစုကို ထောက်ပံ့ပေးရန် အခက်အခဲ ရှိခြင်းကြောင့် အားနာရကြောင်းနှင့် ကျန်ရှိ‌သည့် အဖွဲ့များကို ကူညီနိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats