.
စစ်ကိုင်းတိုင်း၊ တမူး-ကလေး လမ်းပိုင်းတွင် ဒေသခံများအနေဖြင့် ညပိုင်း
သွားလာခြင်းမပြုရန် တမူး PDF က သတိပေး ထုတ်ပြန် ထားသည်ဟု သိရသည်။
.
.
မြန်မာ-အိန္ဒိယနယ်စပ် တမူး-ကလေးဒေသသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များကြား
မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် ဒေသတခုလည်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း
စစ်ကောင်စီ တပ် အချိန်းအပြောင်းများ ရှိနေသည့်အတွက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း
အချိန်များတွင် သွားလာခြင်း မပြုရန် တမူး PDF က ထုတ်ပြန်ထားခြင်းဖြစ်သည်။
.
တမူး PDF တပ်ရင်း-၄
ပြောခွင့်ရှိသူက “စစ်ကောင်စီတပ်တွေ အပြောင်းအလဲ ရှိတာ။ အခုချိန်အထိ သူတို့
သွားလို့မရသေးဘူး။ သူတို့ဘက်က ညပိုင်းထွက်ဖို့ အစီအစဉ် ရှိလို့ ပြည်သူတွေနဲ့
မှားပစ်မိမှာစိုးလို့ သတိပေး တားမြစ်ရတာပါ” ဟု ပြောသည်။
.
တမူးဒေသတွင် PDF တပ်ရင်း-
၄ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ခန့် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။ .
.