.
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ကျားတက်စခန်းကို
ယမန်နေ့ အောက်တိုဘာလ ၂ ရက်က ဆားလင်းကြီးနှင့် ရေစကြိုပြည်သူ့ကာကွယ်ရေးဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး
တိုက်ပွဲအတွင်း PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
.
.
စခန်းကို သိမ်းနိုင်ခဲ့သော်လည်း ရဲဘော် ၂ ယောက် အသက်ပေးလှူခဲ့ရသည်ဟု
ဆားလင်းကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုထားသည်။
.
ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ
ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ
ရဲဘော်ပိန္နဲစေ့ နှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်ဝလုံး တို့ဖြစ်ကြောင်း သိရသည်။
.
.
“ကျားတက်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုး အတွက်
အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ပိန္နဲစေ့ နှင့် ရဲဘော်ဝလုံး
တို့အား အာဇာနည် သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF) က သတင်းထုတ်ပြန်ထားသည်။
.
ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှလည်း
အထိနာမှုများ ရှိခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရှိရသေးချေ။
.