.
မကွေးတိုင်း၊
ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နေ့လယ်ပိုင်းက
PDF တပ်များ
ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိကာ
အခြား စစ်သား နှင့် ရဲများ ထွက်ပြေးသွားကြောင်း သိရသည်။
.
.ပေါက်မြို့နယ်၊ ဇီးပြားရွာတွင်
ပျူစောထီး ၉၀ ကျော်ကို စစ်သင်တန်းပေးနေသော စခန်းကို မြိုင်ပကဖအဖွဲ့နှင့် ပေါက်ကျေးရွာ
ကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ အောက်တိုဘာလ ၂
ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှ ည ၇ နာရီအချိန်ခန့်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း
စစ်သား၊ ရဲ၊ နှင့်ပျူစောထီး ၁၇ ဦးသေဆုံးပြီး
ပျူစောထီး ၅၃ ဦးကို အရှင်ဖမ်းမိခဲ့ကာ စစ်တပ် ဒေါက်တိုင်အဖြစ် မရပ်တည်ရန် ဝန်ခံကတိများ
ပြုလုပ်ထားသည်ဟု သိရသည်။
.
ဇီးပြားကျေးရွာ
ရဲစခန်း တိုက်ခိုက်မှုတွင် တိုက်ပွဲကြာချိန် ၅ နာရီ ကျော် ကြာမြင့်ပြီး
ကျည်မျိုးစုံ ၁၇၀၀၀ ကျော် အသုံးပြု ခဲ့ရကြောင်း မြိုင်မြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
.