မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများကို PDF မဟာမိတ်များ တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများကို PDF မဟာမိတ်များ တိုက်ခိုက်

https://youtu.be/gqd2bk8pU4w

.

မုံရွာ မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်ကောင်စီ၏ ဖလတ်ခွန်ရေယာဉ် အမြန်ယာဉ်မော်တော် Navy စစ်သင်္ဘော ၁၃ စီးကို အောက်တိုဘာလ ၄ ရက်၊ နေ့လယ်ပိုင်းတွင် PDF မဟာမိတ်ပူး‌ပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)၊ တပ်ခွဲ (၃) ၊ Monywa Nightking PDF ၊ Kani Ice PDF နှင့် B21 တို့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Chindwin Attack Force က ထုတ်ပြန်သည်။

.

ထို့အတူ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့အနီး၌ အောက်တိုဘာလ ၃ ရက်၊ ‌ညနေပိုင်းတွင် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၃)၊ တပ်ခွဲ (၃)၊ ဂဠုန်နက် PDF ၊ Ma Huu Yar Wild Horse People Defence Force ၊ Burmese Farmers Defense Force BFDF ၊ ရွှေတြိဂံအဖွဲ့ ၊ သမန်းကျားအဖွဲ့ ၊True Arrow LPDF စသည့် မဟာမိတ်တပ်ပေါင်းစုတို့ ပူပေါင်း၍ အင်အား ၈၀ ကျော်ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုများအတွင်း ထိခိုက် ကျဆုံးမှု အခြေအနေကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

.

[ Video | Chindwin Attack Force ]

Journal Download

Photo of three cats