https://youtu.be/K3Zwu6dWeZI
.
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာ အနီးတွင် ယမန်နေ့ အောက်တိုဘာလ ၃ ရက်၊ နေ့လယ်ပိုင်းတွင် မြိတ်မြို့မှ ပုလောမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီယာဉ် ၂ စီးကို PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီကျော်ခန့်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း သိရသည်။
.
ထို့အတူ စစ်ကူ လာရောက်သည့် စစ်ကောင်စီတပ်ကိုလည်း တပိုရွာ အနီး၌ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များမှ စုပေါင်း၍ တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးထက် မနည်း သေဆုံးပြီး ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) က ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်ဖွဲ့က ချောဆွဲလာသည့် အပြစ်မဲ့ ပြည်သူ ၃ ဦး ကျဆုံးကြောင်းကို နယ်မြေရှင်းလင်းချိန်တွင် တွေ့ရှိရသဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြောင်း ဆိုထားသည်။
.
ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်သားများနှင့် တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်း နေ၍ တိုက်ပွဲ ထြစ်လာပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရှောင်ရှားကြရန် မြိတ်ခရိုင် တပ်ရင်း(၁) က အသိပေးထားသည်။