မုံရွာ၊ ညောင်ဖြူပင်ရဲစခန်းကို မဟာမိတ် PDF များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာ၊ ညောင်ဖြူပင်ရဲစခန်းကို မဟာမိတ် PDF များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

.

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ နယ်မြေရဲစခန်းကို ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက မဟာမိတ် PDF တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

.

.

တိုက်ခိုက်မှုကို စစ်ကိုင်းနှင့် မြင်းခြံရှိ PDF များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းတွင်း၌ ခံစစ်ကို အခိုင်အမာတည်ဆောက်ထားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် စခန်းမသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက ပြောဆိုထားသည်။

.

ညောင်ဖြူပင်ရွာ ရဲစခန်းကို မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃)၊ မြေလတ် PDF -တောင်သာ၊ Seven People Defense ForceScorpions people defense Force၊ စစ်ကိုင်းတိုင်း တပ်ရင်း (၁)၊ MSPDF Natogyi Regional Defense Force နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats