.
မန္တလေးတိုင်း၊ မတ္တရာနယ်၊
ဇီးဖြူပင်ကျေးရာရှိ သစ်တောရုံးတွင် အထိုင်ချထားသည့် PDF စခန်းကို ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင်
စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာ ပဒေသာမိုင်းထိပြီး အထိအခိုက် များပြား ခဲ့ကြောင်း
သိရသည်။
.
.
စစ်ကောင်စီတပ်များ
ဝင်ရောက်စီးနင်းချိန်တွင် အသင့်ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဇီးဖြူပင်သစ်တောရုံးတွင်
နယ်မြေစိုးမိုးမှုအနေဖြင့် ညီနောင်မဟာမိတ်များ အထိုင်ချ တပ်စွဲထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်
စစ်ကြောင်းထိုးလာမည်ကို သိသည့်အတွက် မိုင်းများဆင်ခဲ့ကာ စခန်းကို ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း
နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။
.
စစ်ကောင်စီတပ်အား
ပဒေသာမိုင်းဖြင့်တိုက်ခိုက်မှုကို နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDY
PDF (Mongoose Squadron)တပ်ခွဲ၊ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊
ဒေါင်းစစ်သည် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊
တိုက်သိမ်းမြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ
တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဟာမိတ်ညီနောင်များအနေဖြင့်
စစ်ကောင်စီအား အရှိန်မြှင့်ကာတိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်
ထုတ်ပြန်ချက်များအား လိုက်နာပေးကြရန် နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မေတ္တာရပ်ခံထားသည်။
.
စစ်ကောင်စီတပ်သည်
အောက်တိုဘာ ၂ဝ ရက်က မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာတွင် ဒေသခံပြည်သူ ၂ ဦးနှင့်
စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်း ၁ ဦးအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး
နေအိမ် ၉လုံးအား မီးရှို့ဖျက်ဆီးသွားကာ ဇီးဖြူပင်ကျေးရွာကို လည်း
လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ် ၃ လုံးအား
မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
.