ယင်းမာပင် ရွှေလှံကျေးရွာ စီးနင်းခံရပြီး ဒေသခံ ၁ ဦးနှင့် PDF ၉ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယင်းမာပင် ရွှေလှံကျေးရွာ စီးနင်းခံရပြီး ဒေသခံ ၁ ဦးနှင့် PDF ၉ ဦး သေဆုံး

.

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံကျေးရွာကို အောက်တိုဘာ ၂၁ ရက်က အာဏာသိမ်း စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်းခဲ့ရာ မုံရွာခရိုင်တပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်) မှ တပ်ဖွဲ့ဝင် ၉ ဦးနှင့် ဒေသခံ ၁ ဦး သေဆုံး ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်) က သတင်းထုတ်ပြန်ထားသည်။

.

.

ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီ တည်းခိုနေထိုင်ရာသို့ စစ်ကောင်စီတပ်များက အရပ်ဝတ်ဖြင့် PDF အယောင်ဆောင်၍ အောက်တိုဘာ အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

စီးနင်းခံရချိန်တွင် အခြားတိုက်ပွဲတခုကနေ ပြန်လာပြီး ခေတ္တနားနေသည့် ရဲဘော်တွေ ရှိနေပြီး စီးနင်းခံရမှုကြောင့် အောင်ဆန်းမျိုးဆက်က ရဲဘော် ၈ ဦး၊ ခေတ္တတည်းခိုနေသည့် ပခုက္ကူခရိုင် တပ်ရင်း ၂ မှ ရဲဘော် ၁ ဦး စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး ရွှေလှံကျေးရွာသား ၁ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

.

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရွှေလှံကျေးရွာအတွင်းမှ အိမ်ထောင်စု ၈ စုကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားနှင့် ပစ္စည်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၀၀ ခန့် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ဝင်ရောက် စီးနင်းခဲ့သည့် စစ်ကောင်စီတပ်မှာ အောက်တိုဘာ ၁၉ ရက်က ယင်းမာပင်နှင့် ပုလဲမြို့နယ်နယ်အစပ်ရှိ ရင်ပေါင်တိုင်ကျေးရွာကို ရဟတ်ယာဉ်များဖြင့် စီးနင်းပစ်ခတ်ပြီးနောက် ရွှေလှံကျေးရွာအား ဆက်လက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats