မုံရွာ-မန္တလေးလမ်းကို ယာယီပိတ်​ကြောင်း ​ချောင်းဦး PDF ​ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာ-မန္တလေးလမ်းကို ယာယီပိတ်​ကြောင်း ​ချောင်းဦး PDF ​ကြေညာ

.

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအား အရေးပေါ်လိုအပ်ချက်အရ ယနေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းမှ စတင်၍ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) က သတိပေးထုတ်ပြန်  ကြေညာထားသည်။

.

.

မုံရွာ-မန္တလေးလမ်းပိုင်းကို ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၆ နာရီအချိန်မှစ၍ နောက်ထပ်ကြေညာချက် တစ်စုံတရာ မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယာယီပိတ်ထားချိန်အတွင်း ယင်းလမ်းပိုင်းကို ပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက် အာမမခံကြောင်း ချောင်းဦး PDF က ထပ်မံသတိပေးသည်။

.

ယင်းလမ်းပိုင်းတွင် သွားလာနေကြသော ကားများအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရှိရာအရပ်တွင် ခေတ္တရပ်နားထားကြရန်နှင့် အဆိုပါလမ်းပိုင်းကို လက်ရှိအသုံးပြုလျက်ရှိသော ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့် အကြောင်းကြားပေးရန် ချောင်းဦး PDF က မေတ္တာရပ်ခံထားသည်။

.

Journal Download

Photo of three cats