ပြည်သူလူထု၏ လှူဒါန်းမှုဖြင့် မိုးဗြဲ PDF သိမ်းငှက်တပ်ခွဲ စနိုက်ပါတစ်လက် ဝယ်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူလူထု၏ လှူဒါန်းမှုဖြင့် မိုးဗြဲ PDF သိမ်းငှက်တပ်ခွဲ စနိုက်ပါတစ်လက် ဝယ်ယူ

.

ပြည်သူလူထု၏ လှူဒါန်းမှုဖြင့် စနိုက်ပါတစ်လက် ဝယ်ယူနိုင်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိန်းငှက် တပ်ခွဲက ထုတ်ပြန်ထားသည်။

.

.

အဆိုပါ သေနတ် ဝယ်ယူနိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စနိုက်ပါကမ်းပိန်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ အလှူငွေထည့်ဝင်မှုကြောင့် ယခုကဲ့သို့ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အလှူငွေတွင် ပါဝင်သော မိဘ ပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း မိုးဗြဲ PDF သိမ်းငှက်တပ်ခွဲက ထုတ်ပြန်ထားသည်။

.

ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ဝယ်ယူခဲ့သည့် သေနတ်မှာ 338 စနိုက်ပါအမျိုးအစားဖြစ်ပြီး အခက်အခဲအချို့ကြောင့် ယခုမှသာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း MB PDF သိမ်းငှက်တပ်ခွဲက ဆိုသည်။

.

Journal Download

Photo of three cats