ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်ထားရန် မိုးဗြဲ PDF အရေးပေါ် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်ထားရန် မိုးဗြဲ PDF အရေးပေါ် ထုတ်ပြန်

စစ်ကောင်စီတပ်မှ စစ်ဘေးရှောင်ပြည်သူများ ခိုလုံနေထိုင်ရာ ဒေသများသို့ ဦးတည် တိုက်ခိုက်လာနိုင်သောကြောင့် စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင် ပြင်ဆင်ထားရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင် အရေးပေါ် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။
.
ဖယ်ခုံ​မြို့အခြေစိုက် စစ်‌ကောင်စီတပ်မှ စစ်ဘေးရှောင်ပြည်သူ အများအပြား ခိုလုံသည့် ဒေသများသို့ ယနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်တွင် ၁၂၀ မမ ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့‌သည်ဟုလည်း ဆိုသည်။
.
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် တစ်စုံတရာ ထိခိုက် ပျက်စီးမှု မရှိသော်လည်း ဗုံးခိုကျင်းများ ကြိုတင် ပြင်ဆင်ထားရန်အတွက် ပြုလုပ်နည်း မှတ်တမ်းပုံများနှင့်တကွ အရေးပေါ် သတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) အနေဖြင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံမှုကို အစဥ် အလေးထား ဆောင်ရွက်လျှက်ရှိသောကြောင့် ထုတ်ပြန်ချက်များကို အလေးထား လိုက်နာပေးရန်ကိုလည်း မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats