ရေစကြိုမြို့နယ်၊ မင်းရွာရှိ စစ်‌ကောင်စီတပ်ကို PDF များ ပူးပေါင်း တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေစကြိုမြို့နယ်၊ မင်းရွာရှိ စစ်‌ကောင်စီတပ်ကို PDF များ ပူးပေါင်း တိုက်ခိုက်



ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစာထီးများကို မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းမှ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြို)က ထုတ်ပြန်သည်။ 

.

မင်းရွာကျေးရွာတွင် နှစ်လကြာ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲတွင် မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေစကြိုမြို့နယ် (ပကဖ)၊ သိန်းငှက်ပြောက် ကျားတပ်ဖွဲ့ (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၁)၊ Thwaythauk Revolution Force (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၂)၊ (၄) Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၃)၊ People's Defence Force-Mandalay (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (မန္တလေးခရိုင် တပ်ရင်း-၃၊ တပ်ခွဲ-၃)၊ Black Wolf People's Defense Force (မန္တလေးခရိုင် တပ်ရင်း-၃၊ တပ်ခွဲ-တပ်ခွဲ၃)၊ K.N.T ပြောက်ကျားတပ်ဖွဲ့၊ Y.L.K ပြောက်ကျားတပ်၊ Farmer Defense Force၊ Shwe Lal Kyun LPDF ၊ ရဲဘော်ညီနောင်၊ နဂါးနီ ပြောက်ကျားတပ်၊ ငဘ ပြောက်ကျားတပ်ဖွဲ့တို့နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats