ခလရ(၁) မှ စစ်ကောင်စီ တပ်သား တစ်ဦး ဖယ်ခုံ PDF ထံတွင် CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခလရ(၁) မှ စစ်ကောင်စီ တပ်သား တစ်ဦး ဖယ်ခုံ PDF ထံတွင် CDM ပြုလုပ်



စစ်ကောင်စီတပ်၏ ခလရ(၁)မှ တပ်သား တစ်ဦး အောက်တိုဘာလ ၂၃ ရက်တွင် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) ထံတွင် CDM ပြုလုပ်လာခဲ့ကြောင်း သိရသည်။

.

၎င်း CDM တပ်သားသည် မိုးဗြဲဆည် ရေထိန်းတံခါး၌ ကင်းတာဝန် ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ကူညီစောင့်ရှောက်ထားသည်ဟု ဖယ်ခုံ PDF တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

.

ဖယ်ခုံမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ဝန်ထမ်း ၃၅ ဦးသည် ခံဝန်ကတိဖြင့် ထပ်မှန် အလင်းဝင်လာသည်ဟု ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats