ခလရ(၁၄)မှ စစ်ကောင်စီ တပ်သား ၂ ဦး ဖယ်ခုံ PDF ထံ CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခလရ(၁၄)မှ စစ်ကောင်စီ တပ်သား ၂ ဦး ဖယ်ခုံ PDF ထံ CDM ပြုလုပ်



စစ်ကောင်စီတပ်၏ ခလရ(၁၄)မှ တပ်သား ၂ ဦးသည် အောက်တိုဘာလ ၁၇ ရက်တွင် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ၊ တပ်ရင်း(၂) ထံသို့ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ခလရ(၁၄)တပ်သည် မိုးဗြဲတွင် စစ်ဆင်ရေးပြုလုပ်နေသော တပ် ဖြစ်ပြီး၊ CDM ပြုလုပ်လာသူများမှာ စစ်သင်တန်း ဆင်းပြီး လုပ်သက် တစ်လကျော်သာ ရှိသေးသော ရဲဘော်သစ်များ ဖြစ်ကာ ၎င်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဖယ်ခုံ PDF တပ်ရင်း(၂) က ဆိုသည်။
.
ခလရ(၁၄) တပ်သည် အုပ်ချုပ်မှု လျော့နည်း ဖြစ်စဥ်များ ဖြစ်ပြီး ထွက်ပြေးနေသူ များပြားနေကာ လွန်ခဲ့သော ၁၅ ရက်ခန့်တွင် ဒုတပ်ရင်းမှူးကို တပ်သား တစ်ဦးက ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သေသွားကြောင်းလည်း သိရသည်။
.
စစ်ကောင်စီ တပ်သားများသည် ကြားဖြတ် တိုက်ခိုက် ခံရခြင်း၊ တိုက်ပွဲများ စိပ်လာခြင်း၊ တာဝန် မထမ်းဆောင်လိုခြင်းတို့ကြောင့် ထွက်ပြေးခြင်းများ ပြုလုပ်နေလျက် ရှိရာ CDM ပြုလုပ်မည်ဆိုပါက လိုအပ်သည်များ ကူညီပေးမည် ဖြစ်ကာ လက်နက် ယူလာနိုင်ပါက အနည်းဆုံး သိန်း ၅၀ ပေးမည် ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats