.
အမျိုးသားညီညွတ်ရေးအစိုးရ၊
ကာကွယ်ရေးဝန် ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု
ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက
ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
.
NUG ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်
(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်ခ၊ စခန်းမှူး ရိုးအံ့မင်းတို့
ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်က တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထိုသို့ တွေ့ဆုံရာတွင်
တော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေသော ကိစ္စရပ်များ၊ NUG ၏ အခန်းကဏ္ဍနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ
စဉ်းစားချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ဒေသ များတွင်
စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နိုင်ငံရေးအရ အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုဖြင့်
အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
.
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်
(BPLA) သည်
တိုင်းရင်းသားညီနောင်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီ ကို ဆန့်ကျင်တွန်းလှန်နေသည့်
ဗမာတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး တပ်ဖွဲ့သက်တမ်း တစ်နှစ်ရှိပြီ ဖြစ်ကြောင်း
သိရသည်။
.