တော်လှန်ရေး အဆုံးသတ်ကာလကို တစ်နှစ် သတ်မှတ်ထားဟု NUG ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တော်လှန်ရေး အဆုံးသတ်ကာလကို တစ်နှစ် သတ်မှတ်ထားဟု NUG ကြေညာ

.

စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲဆင်နွှဲမည့် ကာလကို တစ်နှစ်သတ်မှတ်ပြီး ဘက်ပေါင်းစုမှ ထိုးစစ် ဆင်သွားမည်ဖြစ်ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ (NUG)က ယမန်နေ့ အောက်တိုဘာလ ၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်ဟု သိရသည်။

.


.

တော်လှန်ရေးအင်အားစုများ၏  မဟာဗျူဟာမြောက် ပေါင်းစည်းမှု အစွမ်းဖြင့် အဆုံးသတ်တိုက်ပွဲ ဆင်နွှဲရန်လည်း သံန္နိဋ္ဌာန် ချထားပြီးဖြစ်ကြောင်း နိုင်ငံရေးထွက်ပေါက်နှင့်  စစ်ရေးအသက်ရှုပေါက်ကို ရှာဖွေနေသည့် စစ်ကောင်စီကို အချိန်ပေး၍  မရတော့သည့် အခြေအနေဖြစ်ခြင်းကြောင့် အမျိုး သားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်များ  နှင့်ပူးပေါင်းကာ  စစ်မျက် နှာ ခု ဖွင့်ပြီး အရှိန်မြှင့် ထိုးစစ်ဆင်နိုင်ရေးကို တစ်နှစ် စီမံချက် ညှိနှိုင်းရေးဆွဲ နေပြီဖြစ်ကြောင်း  ဦးနေဘုန်းလတ်က ပြောဆိုသည်။

.

အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာမြောက်ဆောင်ရွက်ချက်များကို အကောင် အထည်ဖော် လုပ်ဆောင်နိုင်ရန် အရေးကြီးဆုံးအင်အားသည် ပြည်သူ လူထုသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

.

ပြည်သူအားလုံးညီညွတ်စွာ ဝိုင်းဝန်းကြိုးစားပါက ထင်သာမြင် သာသည့် အပြောင်းအလဲများ ပန်းတိုင်များကို လာမည့်နှစ်တွင် မြင်တွေ့ရမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က  ဆိုသည်။

.

Journal Download

Photo of three cats