ဒီပဲယင်းနှင့် ကသာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့များကို NUG ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီပဲယင်းနှင့် ကသာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့များကို NUG ဖွဲ့စည်း

.

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းနှင့် ကသာမြို့နယ်များတွင် မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့များကို ဖွဲ့စည်း လိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၁၄ (ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်တွင် အဆိုပါ မြို့နယ် ၂ ခု၏ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ များကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

.

ထို့အတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းထားခဲ့သည်။

.

Journal Download

Photo of three cats