.
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင်
အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မြို့နယ်တရားရုံးကို ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်က
စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.ကသာမြို့နယ်တွင် အမှုများကို
တရားရုံးမဖွင့်လှစ်မီကတည်းက စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယခုအခါ တရားရုံး စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုထားသည်။
.
စစ်ကိုင်းတိုင်းအတွင်းရှိ
မြို့နယ် ၁၅ ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ တရားစီရင်ရေးစနစ်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး
တရားရုံး ၁၅ ခုကို ဖွင့်လှစ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတက ယခုနှစ်၊
မေလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
.
အမျိုးသားညီညွတ်ရေးအစိုးရနှင့်
တိုင်းရင်းသားမဟာမိတ်များ၏ စိုးမိုးနယ်မြေမှာ တစ်နိုင်ငံလုံး ဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော်ရှိလာပြီဖြစ်ပြီး
ယင်း စိုးမိုးနယ်မြေများ၌ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကို ဖော်ဆောင် လျက်ရှိကြောင်း၊
တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိရာ ယာယီအချုပ်ခန်း ၂၀ ကျော်
တည်ဆောက်ထားပြီး အမှုအခင်း ၁၁၆ ခုကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။
.
[ Photo -
ကသာ ပကဖ ]
.