နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက် ရောင်းချပေးရာတွင် ပါဝင်သူအားလုံးကို အရေးယူမည်ဟု NUG သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက် ရောင်းချပေးရာတွင် ပါဝင်သူအားလုံးကို အရေးယူမည်ဟု NUG သတိပေး

.

နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက် ရောင်းချပေးနေသည့် စစ်ကောင်စီလက်အောက်ခံ စီမံခန့်ခွဲသူအဆင့် အရာရှိများနှင့် ပါဝင်ပတ်သက်သူအားလုံးကို တည်ဆဲဥပဒေများအရ တရားစွဲဆို  အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့ အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

.

.

စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် ဗဟိုဘဏ်တွင် အပ်နှံထားသည့် နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားများနှင့် ရွှေစင်ချောင်း များကို စီမံချက်ဖြင့်ရောင်းချနေခြင်းအပေါ် NUG ၏ ဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

.

နိုင်ငံတော်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ပြည်သူ့တစ်ရပ်လုံးက အမြင့်ဆုံးတော်လှန်ရေး ဆင်နွှဲနေချိန်တွင် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများသည် စစ်ကောင်စီအတွက် နိုင်ငံတော်ပိုင်ပစ္စည်းများကို ရောင်းချခြင်းဖြင့် စစ်ကောင်စီအတွက် လိုအပ်သော ငွေကြေးကို ရှာဖွေပေးနေခြင်းဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်ပေး နေသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့မှ စီမံခန့်ခွဲသူအရာရှိကြီးများ၊ အရာရှိများ၊ အရာထမ်းနှင့် ပါဝင်ပတ်သတ်သူများကို အရေးယူမည်ဟု NUG က သတိပေး ကြေညာထားသည်။

.

Journal Download

Photo of three cats