NCA သည် လက်ရှိ အကြမ်းဖက်ပဋိပက္ခများကို လျော့နည်းစေပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်အစပျိုး တည်ဆောက်ရန် လမ်းစဖြစ်ကြောင်း PPST ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NCA သည် လက်ရှိ အကြမ်းဖက်ပဋိပက္ခများကို လျော့နည်းစေပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်အစပျိုး တည်ဆောက်ရန် လမ်းစဖြစ်ကြောင်း PPST ထုတ်ပြန်

.

NCA သည် လက်ရှိ အကြမ်းဖက်ပဋိပက္ခများကို ရပ်စဲ၊ လျော့နည်းစေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူလူထုအများစု လိုလား တောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် အစပျိုး တည်ဆောက်ရန် လမ်းစဖြစ်သည်ဟု အလေးနက် ယုံကြည်ကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် PPST က ထုတ်ပြန်ထားသည်။

.

.

NCA လက်မှတ်ရေးထိုးခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် PPST က အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.

မြန်မာ့သမိုင်းတွင် ပင်လုံစာချုပ်ပြီးနောက် ဒုတိယ အရေးပါဆုံး စာချုပ်တစ်ရပ်ဖြစ်သည့် NCA စာချုပ်ကို ပြင်ဆင် ညှိနှိုင်းဆွေးနွေးသည့် ကာလ ၂၀၁၁ မှ လက်မှတ် ရေးထိုးပြီး အကောင်အထည်ဖော်သည့် ကာလ ၂၀၂၁ နှစ်ဦး အထိ ၁၀ နှစ်ကြာရှိချိန်တွင် ပြည်သူ လူထုတစ်ရပ်လုံးသည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူတစ်ဦးချင်း၏ လွတ်လပ်မှုတို့ကို သိသာစွာ ရရှိခံစားခဲ့ရခြင်းမှာ “NCA” အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း PPST ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

.

ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၄ ကြိမ်အထိ ခေါ်ယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ရရှိခဲ့ကာ ယင်းစာချုပ်အားလုံးကို လွှတ်တော်အဆင့်ဆင့်က အတည်ပြုပေးပြီး လည်းဖြစ်ကြောင်း၊ NCA စာချုပ် ပြဌာန်းချက်နှင့်အညီ ခေါ်ယူသော ၉ ကြိမ်မြောက် JICM အစည်းအဝေးသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆင့် ၃ ဆင့် ပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်ကို အားလုံး သဘောတူညီမှုဖြင့် ချမှတ်နိုင်ခဲ့ကြောင်း PPST က ဆိုသည်။

.

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲ ကြီးမားစွာ ဖြစ်ပေါ်လာပြီး နောက်ဆက် တွဲ မတည်ငြိမ်မှုများပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများ ကြီးထွားလာခဲ့ရာ PPST သည် မူလ NCA ပြဌာန်းချက် များကို အပြည့်အဝ အကောင်အထည် မဖော်နိုင်တော့သည့်အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း ရေး၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေး ဟူသော NCA အခြေခံမူ ၃ ချက်ကို ယနေ့အချိန်အထိ ကြိုးပမ်း အကောင်အထည်ဖော်နေ ပါကြောင်း PPST က ထုတ်ပြန်ထားသည်။

.

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် NMSP နှင့် LDU တို့ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

.

Journal Download

Photo of three cats