.
မိုးဗြဲစစ်ဘေးရှောင်ကော်မတီ
(MB-IDPC) က ယမန်နေ့
အောက်တိုဘာလ ၂ ရက်တွင် ဆန်၊ ဆီ၊ ဆားနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများကို
မိုးဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့
သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
.ထိုသို့
သွားရောက်လှူဒါန်းရာတွင် အိမ်ထောင်စု ၂၅၀ ကျော်တို့အား တစ်အိမ်ထောင်လျှင် ဆီ ၁
ဘူး၊ ဆား ၁ ထုပ်၊ လစဉ်သုံးပစ္စည်း အချို့နှင့် လူတစ်ဦးလျှင်
ဆန်တစ်ပြည်နှုန်းစီဖြင့် အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်း ပေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
လှူဒါန်းပစ္စည်းများကို ကယန်းကယ်ဆယ်ရေးကော်မတီ (KRC) နှင့် အလှူရှင်အချို့မှ လှူဒါန်းပေးထားခြင်း
ဖြစ်ကြောင်း သိရသည်။
.
စစ်ဘေးရှောင်များကို
ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် မိုးဗြဲစစ်ဘေးရှောင်ကော်မတီ (MB-IDPC)
Page မှတစ်ဆင့်
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.