.
KNU-သထုံခရိုင်၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ
(၁) နယ်မြေတွင် စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်များအကြား ထိတွေ့တိုက်ပွဲ
၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၈ ဦး သေဆုံးကာ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
KNU က ထုတ်ပြန်ထားသည်။
.
.
ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ MA ၂ လက်၊ ကျည်ဘောက်
၈ ခု၊ ကျည်ဆန် ၃၉၀ တောင့်နှင့် ခြောက်လုံးပြူးအတို ၁ လက်တို့ကို KNLA နှင့် ပူးပေါင်းတပ်များမှ
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှုများ၌ စစ်ကောင်စီကား
၁၀ စီးပျက်စီးခဲ့ပြီး တပ်မဟာ (၁) ထံသို့
လက်နက်နှင့် အလင်းဝင်ရောက် ပူးပေါင်းလာသူ စစ်ကောင်စီ တပ်သား ၂
ဦးရှိကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီတပ်များမှ နေ့စဉ် လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာများအတွင်းသို့
ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သား လူနေအိမ် ၄ လုံးနှင့် ကား ၁ စီး ပျက်စီးကာ ကျွဲ၊
နွားများ ထိမှတ်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ကေအဲန်ယူ- သထုံခရိုင်၊ တပ်မဟာ (၁)
အုပ်ချုပ်နယ်မြေအတွင်း ကျူးကျော် တပ်စွဲထားသော စစ်ကောင်စီ တပ်များမှ စခန်းပြုပြင်ရန်နှင့် ထပ်မံတိုးချဲ့ရန် ဒေသခံလူထုများထံမှ သစ်၊ ဝါးများ အဓမ္မ တောင်းယူခြင်းများလည်း ရှိခဲ့ကြောင်းသည်။
.
စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ KNLA၊ KNDO နတှင့်
မိတ်ဖက်တော်လှန်ရေးတပ်များဘက်မှ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ မရှိခဲ့ကြောင်း
KNU က ထုတ်ပြန်ထားသည်။
.