.
ကရင်အမျိုးသားအစည်းအရုံး
(KNU)- ညောင်လေးပင်ခရိုင်၊
ကျောက်ကြီးမြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ကော်သာစေးကျေးရွာတွင် အောက်တိုဘာလ ၂၇ ရက်၊
ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကိုယ်ထူကိုယ်ထ ကျေးရွာ အလယ်တန်းကျောင်း ပြိုကျခဲ့ကြောင်း
သိရသည်။
.
.
ယင်းကဲ့သို့ စာသင်ကျောင်း
ပြိုကျမှုကြောင့် ကျောင်းပြန်လည်ပြုပြင် ပြီးစီးသည်အထိ ကျောင်းကို ခေတ္တပိတ်ထား ရကြောင်း
သိရသည်။
.
အဆိုပါ ကော်သာစေးကျေးရွာ
ကိုယ်ထူကိုယ်ထ အလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၁၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး
ကျောင်းဆရာဦးရေ ၉ ဦး ရှိကြောင်း သိရသည်.
.