KNU တပ်မဟာ ၅ နယ်မြေတွင် ၅ ရက်အတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၈ ဦး သေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU တပ်မဟာ ၅ နယ်မြေတွင် ၅ ရက်အတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၈ ဦး သေ

.

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ၅ ရက် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၈ ဦး သေဆုံးပြီး ၄ ဦးး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်နှင့် KNLA တို့အကြား အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၂ နာရီခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးကာ အောက်တိုဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် နိုခေါဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

ထို့အတူ အောက်တိုဘာလ ၂၄ ရက်တွင် ကတိုင်တိနှင့် ဘောကျို့လယ်ကျေးရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

မထောကျေးရွာနှင့် မြေနီကုန်းကျေးရွာကြားတွင် အောက်တိုဘာလ ၂၄ ရက်က စစ်ကောင်စီတပ်ကို KNLA က ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ဆာလော်ကျိုး စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်တွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့ များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဒွယ်လိုး မြို့နယ်၊ မထောကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ၁၁ ကြိမ် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူနေအိမ်တစ်လုံး ထိမှန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

.

KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

.

[ Source | KNU Mutraw News ]

.

#KBZTai #27October2022

.

Journal Download

Photo of three cats