KNLA ပူးပေါင်းတပ်ကို ကြားညှပ် တိုက်သည့် စစ်ကောင်စီတပ် ၄ ဦး သေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNLA ပူးပေါင်းတပ်ကို ကြားညှပ် တိုက်သည့် စစ်ကောင်စီတပ် ၄ ဦး သေ



ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂)တို့ ပါဝင်သည့် ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင် ကြားညှပ် တိုက်သော်လည်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

.

စစ်ကောင်စီ၏ တပ်မ (၄၄) တပ်များသည် လူခို့ ညောင်ချောင်းနှင့် ဆုံဆည်းမြိုင်တို့မှ (၁၂၀)မမ လက်နက်ကြီးဖြင့် နှစ်ဘက် ညှပ်ပစ်ခတ်တိုက်ခိုက်ရာ ပူးပေါင်းတပ်ဖွဲ့က ခုခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း က ဆိုသည်။

.

ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးသည်ဟု စစ်မြေပြင် သတင်း အတည်ပြုချက်ရရှိခဲ့‌ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

KNU တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေလျက်ရှိရာ စစ်ကောင်စီတပ်သာ် အထိနာကာ ဗျူဟာမှူးအဆင့် ရှိ အဆင့်မြင့်အရာရှိ ပင် တိုက်ပွဲ၌ ကျဆုံးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats