KNDF တပ်ရင်း (၁၀) တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNDF တပ်ရင်း (၁၀) တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ပြုလုပ်


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်း(၁၀) တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်တွင် အကျဥ်းချုပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

" ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများဖြင့် ရှေ့ဆက်ခဲ့ရသော တစ်နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့များအား တွန်းလှန်တိုက်ခိုက်ရင်း အောင်မြင်မှုများ အထိုက်အလျောက် ရရှိခဲ့သလို မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် ရဲဘော်များလည်း ရှိခဲ့သည်။" ဟု KNDF တပ်ရင်း(၁၀)က ယနေ့တွင် ထုတ်ပြန်သည်။

.





ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများဖြင့် စစ်အာဏာရှင်စနစ်နှင့် အတူ အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်း နိုင်ရန် ဆက်၍ တိုက်ပွဲဝင်နေမည် ဖြစ်ပြီး ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများကိုလည်း ဆက်၍ တောင်းခံလိုကြောင်းနှင့် ကူညီထောက်ပံ့ပေးခဲ့သော ပြည်သူအားလုံး နှင့် အမြဲလက်တွဲ လုပ်ဆောင်ပေးခဲ့သည့် တော်လှန်ရေးအင်အားစု အသီးသီးကိုလည်း ကျေးဇူးတင်ကြောင်း KNDF တပ်ရင်း(၁၀)က ဆိုသည်။

.



KNDF တပ်ရင်း(၁၀) အနေဖြင့် လိုအပ်ချက် များစွာ ရှိနေသော်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန် KNDF ၏ သစ္စာအဓိဌာန် ၅ ချက်နှင့်အညီ ဆက်၍ လုပ်ဆောင်သွားမည်ဟုလည်း ထုတိပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats