.
ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) တပ်မဟ (၉) နယ်မြေ၊
ဖားကန့်တွင် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်းက KIO အထိမ်းအမှတ်နေ့
တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကချင် အနုပညာရှင်အပါအဝင်
ပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
.
.
အောက်တိုဘာလ ၂၅ ရက်တွင်
ကျရောက်မည့် ၆၂ နှစ်ပြည့် KIO နေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်၊ ည ၈ နာရီခွဲခန့်က KIA တပ်မဟာ (၉)၊ အနန့်ပါ တွင် တေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်၏ ဂျက်
တိုက်လေယာဉ် ၃ စီးမှ လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ကချင်အနုပညာရှင်အသင်းမှ
တေးသံရှင် အော်ရာလီ (Aurali) သီဆိုဖျော်ဖြေနေချိန်တွင်
ဗုံးကြဲတိုက်ခိုက်ခံရသည့် အတွက် ၎င်းအပါအဝင် ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပြီး ကချင်အနုပညာရှင်အသင်း
ဥက္ကဋ္ဌဟောင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
.
ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့်
ထိခိုက်သေဆုံးသွားသူများစာရင်းတွင် KIA အရာရှိအချို့ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရှိရသေးချေ။
.