KIO ထိန်းချုပ်နေရာတွင် ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက် ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း UN အစည်းအဝေးတွင် တင်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KIO ထိန်းချုပ်နေရာတွင် ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက် ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း UN အစည်းအဝေးတွင် တင်ပြ

.

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာနေရာတွင် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပနေစဉ် စစ်ကောင်စီ တပ်က ဗုံးကြဲတိုက်ခိုက်မှုသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျောမိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေး ကော်မတီ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်ကို အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ရာတွင် သံအမတ်ကြီးက ယင်းကဲ့သို့ တင်ပြပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၃ ရက်က KIO ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ တေးဂီတဖျော်ဖြေပွဲ ကျင်းပရာ နေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အနုပညာရှင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ် အပ်အဝင် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်။

.

သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လပေါင်း ၂၀ အတွင်း ပြည်သူများ အပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀ ကျော် ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်အနေဖြင့် လက်နက်နှင့် ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေပါက မြန်မာပြည်သူများနှင့် ကလေးသူငယ်များအပေါ် လူမဆန်သည့် တိုက်ခိုက်သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများကို ကယ်တင်ပေးနိုင်ရန် အတွက် စစ်ကောင်စီတပ်အား လက်နက်တင်ပို့ရောင်းချမှုများကိုချက်ချင်းရပ်တန့်ပေးရန် တိုက်တွန်းပါကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

.

KIO ထိန်းချုပ်နယ်မြေအား လေကြောင်းတိုက်ခိုက်မှုမှာ နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဂျနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်ရေးတန်ပြန်ခြင်းသာဖြစ်ပြီး KIO တပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ တိုက်နယ်မှူး အပါအဝင် KIA နှင့် PDF များသာ သေဆုံးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း KIO ၆၂ နှစ်မြောက် အခမ်းအနား ဖျော်ဖြေရေးပြုလုပ်နေစဉ် တိုက်ခိုက်ခံရမှုကြောင့် ကချင်အနုပညာရှင်များ၊ အရပ်သားများ သေဆုံးခဲ့သည်ဟု KIO က ပြောဆိုထားသည်။

.

 

 

 

 


Journal Download

Photo of three cats