.
အားလုံး၏ ဝမ်းနည်းကြေကွဲမှုနှင့် မျက်ရည်များသည်
တန်ဖိုးမဖြတ်နိုင်သည့် ရင်းနှီးမှုများဖြစ်လာမည်ဟု KIA ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော်က ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်၌ ရေးသားပြီး
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မိတ္တူပေးပို့ထားသည်ဟု သိရသည်။
.
.
ဖားကန့်မြို့နယ်၊ အနန့်ပါဒေသတွင် အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်းက ၆၂ နှစ်မြောက် KIO
နှစ်ပတ်လည်နေ့ အကြို ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပနေချိန် စစ်ကောင်စီတပ်က
တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲမှုကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း
ဗိုလ်ချုပ်ဂွမ်မော်က ရေးသားပြီး မိတ္တူကို ဗခမက မင်းအောင်လှိုင် ဟု ရေးသားထားခြင်းဖြစ်သည်။
.
အနန့်ပါသည် KIA စခန်းမဟုတ်ဘဲ ခရီးသွားပြည်သူများ ခေတ္တနားခိုရာ
ဈေးဆိုင်တန်းငယ် စခန်းတစ်ခုသာဖြစ်ကြောင်း ကိုလည်း ဗိုလ်ချုပ်ဂွမ်မော်က ရှင်းလင်းထားသည်။
.
KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို
ကူညီထောက်ခံသည့်သူများကိုပင်လျှင် ရန်သူအဖြစ် မသတ်မှတ်ခဲ့ကြောင်း၊ ယခု
အနန့်ပါသို့လာရောက်သည့် ပြည်သူများ၊ ဒေသခံများကို စစ်ကောင်စီက ရန်သူသဖွယ် ပြုမူခဲ့ပြီဖြစ်ကြောင်း
၎င်းက ဆိုသည်။
.
ထို့အပြင် အသက်ဆုံးရှုံးသူများအားလုံး
ကောင်းရာဘုံသို့ရောက်ကြစေရန်၊ ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာပို့ထားကာ
မိသားစုအားလုံးနှင့် ထပ်တူဝမ်းနည်းရကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ရေးသားထားသည်။
.
[ Photo - Gunmaw Sumlut ]
.