မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီ၏ Jammer မိုင်းဖျက်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီ၏ Jammer မိုင်းဖျက်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

.

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ၏ Jammer မိုင်းဖျက်ယာဉ် ၃ စီးအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ တစ်စီးပျက်စီးသွားကြောင်း သိရသည်။

.



.

မုံရွာ-ချောင်းဦး လမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၉ နာရီခန့်က မုံရွာမြို့မှ  အင်အား ၈၀ ခန့်ဖြင့် ထွက်လာ‌သော စစ်ကောင်စီ ၏ Jammer မိုင်းဖျက်စက် ယာဉ် သုံးစီးအနက် ဒုတိယမြောက်ယာဉ်အား ရှေ့ထွက်ပတ်လည် ပဒေသာမိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကားဘီးတာယာများ ပျက်စီးသွားကာ လမ်းဘေးတွင် ထိုးရပ်သွားခဲ့ကြောင်း  သိရသည်။

.

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် Jammer စက်မှာလည်းသုံးမရအောင် ပျက်စီးသွားသည်ဟုသိရပြီး ထိခိုက်သေဆုံးမှု အတိအကျမသိရသေးသော်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာပြင်းထန်နိုင်ကြောင်း  Brave Heart Army - BHA၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

.

Brave Heart Army - BHA အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းကလည်း မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ မုံရွာမြို့မှထွတ်လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ၏ Jammer ကား တစ်စီးအား ရှေ့ထွတ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

.

https://bit.ly/3Vl3rlT

.

Journal Download

Photo of three cats